Web Hosting

Modified on Thu, 4 Jun at 3:05 PM

FAQs

WebHosting Server နဲ့ Domain ကိုဘယ်လိုချိတ်ဆက်ရမလဲ?
ပထမဦးစွာ cPanel server/ Direct Admin  အား Login ဝင်၍ Add on domain ကိုနှိပ်ပါ။ 
ထို့နောက် အသုံးပြုမည့် Domain Name ကိုထည့်၍ Add Domain ကိုနှိပ်ပြီး ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။  
Website တင်ပြီးပေမယ့် Internet ကခေါ် လို့မရလျှင် မည်သို့ဆောင်ရွက်ရမည်နည်း? 
    1.Domain expired or suspend ဖြစ်လားစစ်ပါ။ 
    2.DNS record တွင် 
server IP မှန်/မမှန် စစ်ဆေးပါ။ 
    3.Project files များ သက်ဆိုင်ရာ domain folder ထဲတွင်ရှိလား စစ်ပါ။ 
    4.Website နှင့် Database ချိတ်ဆက်ထားလားစစ်ပါ။ 
    5.Internet or Browser Change ခေါ်ကြည့်ပါ ။ 
အထက်ပါအချက်လက်များ စစ်ပြီး၍မရလျှင် Support team အားဆက်သွယ်ပေးပါ။ 
SSL install လုပ်ပြီးပေမယ့် https မရသေးလျှင် ဘယ်လိုဆောင်ရွက်ရမလဲ?  
   -ပထမဦးစွာ https://domain.com ဖြင့် access လုပ်ပါ။ 
   -SSL ရလျှင် http to https ကို redirect လုပ်ရန် လိုအပ်ပါသည်။ 
   -.htaccess file အားအသုံးပြု၍ redirect ပြုလုပ်နိုင်ပါသည်။ 
Email က Sending Mail ရပေမယ့် Receiving Mail မရလျှင် ဘယ်အရာတွေစစ်ဆေးရမည်နည်း? 
  1.DNS တွင် Mail Record ( MX Record )  မှန်/မမှန် စစ်ဆေးပေးပါ။ 
  2.Outlook အသုံးပြုလျှင် Incoming and Outgoing Mail Server & Port မှန်/မမှန် စစ်ဆေးပေးပါ။ 
  3.Username and Password မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးပါ။ 
  4. Mail Storage အားစစ်ဆေးပေးပါ ။ 
အထက်ပါ အချက်များစစ်ဆေးပြီး Email ပို့၍မရလျှင် Support team အားဆက်သွယ်မေးမြန်းနိုင်ပါသည်။  
FTP  Account ကို ဘယ်လိုအသုံးပြုရမလဲ?
FileZilla softwareကို PC တွင် install လုပ်ပြီး FTP ဖြင့် Server သို့ File/ Folder များကို upload/download ပြုလုပ်နိုင်သည်။
Folder တင်ရာတွင် Zip လုပ်ရန် လိုအပ်ပါသည်။ 
WebHosting သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်ပါသလဲ။ 

   -Server သက်တမ်းကုန်ပြီး ၁၅ ရက်အတွင်း သက်တမ်းတိုးနိုင်ပါသည်။ 
   -၁၅ရက်အတွင်းသက်တမ်းတိုးပါကserver data မပျောက်ပျက်ပါ။
   -အကယ်၍ ၁၅ ရက်ကျော်လျှင် server သည် automatically delete ဖြစ်ပြီး  data များပျောက်ပျက်သွားကာ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ 
 

မည်သည့် Website အမျိုးအစား ကို Web Hosting တွင် အသုံးပြုလို့ရပါသလဲ? 
Information website, Small blogs site, small and medium company information site များအတွက် အသုံးပြုနိုင်ပါသည်။
Web Hosting Server ကို Office Network နဲ့ဝင်မရတော့လျှင် မည်သို့ဆောင်ရွက်ရမည်နည်း ?  
ပထမဦးစွာ  Network public IP ကိုစစ်၍  PC မှ Command Prompt မှာ `tracert -d serverIP`, `pathping -n serverIP` run လုပ်ပါ။
Result ကို screenshot ယူပြီး Support Team ( Support@gmoace.com )  သို့ ဆက်သွယ်ပေးပို့ပါ။ 

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article