Domain

Modified on Fri, 22 May at 11:03 AM

FAQs

  Domain ဆိုတာဘာလဲ?
Domain ဆိုတာ Internet address တစ်ခုဖြစ်ပါတယ်။ မိမိတို့အိမ်များတွင် လိပ်စာများရှိသကဲ့သို့ server များ၊ Website များအတွက်လည်း Internet Address ရှိရန် လိုအပ်ပါသည်။
Domain ကိုဘယ်လိုဝယ်ယူရမလဲ? 
Z.com Website ကနေ တဆင့် Order တင်ပြီး ဝယ်ယူနိုင်ပါသည် ။ 
Domain ဝယ်ယူလိုလျှင် ဘာတွေလုပ်ဆောင်ရမလဲ? 
Domain ဝယ်ယူလိုလျှင် Z.com Website တွင် မိမိလိုချင်သော Domain Name ကို စစ်ဆေး၍ Available ဖြစ်ပါက တိုက်ရိုက် Order တင်ဝယ်ယူနိုင်ပါသည် ။  
Domain ဝယ်ယူပြီးလျှင် Website & Email တွေကို အသုံးပြုလို့ ရနိုင်သလား? 
Domain ဝယ်ယူပြီးရုံဖြင့် Website နှင့် Email သုံး၍မရသေးပါ။ 
Domain သည်  Internet Address တစ်ခုသာဖြစ်ပြီး Website အသုံးပြုရန်အတွက် Web Server နှင့် Email အသုံးပြုရန်အတွက် Email Server လိုအပ်ပါတယ်။ 
Domain နှင့် ချိတ်ဆက်ရန် server မရှိ ပါက ထပ်မံဝယ်ယူပြီးချိတ်ဆက်ရန် လိုအပ်ပါသည်။ 
 ဝယ်ယူထားသော Domain ကိုမည်သို့အသုံးပြုနိုင်သလဲ? 
Domain အား Web Server , Email Server များနှင့်ချိတ်ဆက်၍ အသုံးပြုနိုင်ပါသည်
 အခြား Provider များမှ ဝယ်ယူထားသော Domains များအား Z.comသို့ ပြောင်းရွှေ့နိုင်ပါသလား? 
ရွေ့ပြောင်းနိုင်ပါသည် ။ သို့သော် Domain၏ သက်တမ်းအနည်းဆုံး တစ်လ ခန့်ကျန်ရှိရန်လိုအပ်ပါသည် ။  
ဘာကြောင့် Domain Waiting Authenticating Status ဖြစ်တာလဲ?  
Domain Waiting Authenticating Status ဆိုတာက Domain provider ဘက်မှ Domain owner ( ဝယ်ယူသူ )  ဆီကို Domain Ownership ဖြစ်ကြောင်း အတည်ပြုခိုင်းနေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
Domain owner အနေနဲ့ မိမိအသုံးပြုထားတဲ့ z.com Register Email ထဲကို ဝင်ပြီး ပို့ထားတဲ့ Verification Link ကို နှိပ်ပြီး အတည်ပြုလုပ်ရန်လိုအပ်ပါတယ်။
အတည်ပြုပြီးသွားပါက များသောအားဖြင့် 30 မိနစ်အတွင်း Domain ကို ပြန်လည်အသုံးပြုနိုင်ပါသည်။ 
Domain's Name Server အားပြောင်းလဲ အသုံးပြုနိုင်ပါသလား? 

Name Server အားပြောင်းလဲ အသုံးပြုနိုင်ပါသည်။

    1.Domain တစ်ခု Name Server ပြောင်းလဲရာတွင် Update ဖြစ်ရန် အများဆုံး 72 နာရီစောင့်ဆိုင်းရန်လိုအပ်ပါသည်။

    2.Name Server မပြောင်းလဲမီ DNS Record များအား backup သိမ်းထားရန်လိုအပ်သည် ။ 
 

Domain's Registrant Information များ ပြောင်းလဲနိုင်ပါသလား? 
Registrant Information အားပြောင်းလဲနိုင်သည်။
Information  ပြောင်းလဲပြီးပါက Email Confirmation ပြုလုပ်ရန်လိုအပ်သည်။ 
အခြား Provider မှ ဝယ်ယူထားသော Server နှင့် Z.com မှ Domain အားချိတ်၍ အသုံးပြုနိုင်ပါသလား? 
အသုံးပြုနိုင်ပါသည်။ Hosting Providerဖက်မှပေးသော IP Address နှင့် DNS Records များကို Z.com Domain နှင့် ချိတ်ဆက်၍အသုံးပြုနိုင်ပါသည်။ 
Domain တစ်ခုလျှင် ဘယ်နှနှစ်ထိ ဝယ်ယူသက်တမ်းတိုးနိုင်ပါသလဲ? 
Domain တစ်ခုလျှင် 1နှစ် မှ 10 နှစ်ထိ ဝယ်ယူသက်တမ်းတိုး၍ အသုံးပြုနိုင်သည်။ 
DNS Update ဖြစ်ရန် အချိန်လောက်ကြာတာလဲ? 
ISP များသည် DNS route-cache များကို အသုံးပြုထားသောကြောင့် မူလ network route လုပ်ခဲ့သောDNS IP record များကို cache server တွင် သိမ်းထားပါသည်။ DNS record အသစ်ပြောင်းလဲသည့်အခါ အဟောင်းများ cache server တွင် clear ဖြစ်ရန် အချိန်လိုအပ်ပြီး၊ အများအားဖြင့် 24 hours အထိ စောင့်ရနိုင်ပါသည်။ 
Z.com မှ Domain Transfer-out ပြုလုပ်ရန် ဘာတွေလိုအပ်သလဲ ? 
Domain တစ်ခုကို Z.com မှ အခြား providerများဆီသို့ Transfer ပြုလုပ်နိုင်သည်။ Domain ကို အခြား provider သို့ transfer လုပ်ရန် 
    1.သက်တမ်းကုန်ဆုံးရန် အနည်းဆုံး ၂ လ ကျန်ရှိရမည်။
    2.
Authcode ကို ရယူထားရမည်။
    3.
Transfer Lock ကို OFF ထားရမည်။
    4.
Whois Proxy ကို OFF ထားရမည်။

 ထိုအချက်များပြုလုပ်ပြီးနောက် transfer စတင်နိုင်ပြီး အချိန်အားဖြင့် ၅ ရက်မှ ၇ ရက် ခန့်ကြာနိုင်ပါသည်။ 
Domain သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ? 
Domain သက်တမ်းကုန်ပြီး ၂၀ရက်အတွင်း Domain အား ပြန်လည်သက်တမ်းတိုးနိုင်သည်။ 20 ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက Domain သည် Delete ဖြစ်သွားပြီး ပြန်လည်မှာယူရန် 90ရက် စောင့်ဆိုင်းရန် လိုအပ်လိမ့်မည် ဖြစ်သည် ။  
Domain သက်တမ်းတိုးခြင်း 
Z.com Account သို့  Login ဝင်ပါ ။
  1.Domain Menu ကို နှိပ်ပါ ။
  2.သက်တမ်းတိုးလိုသော Domain အား ရှာပါ။ ပြီးနောက်
 Renew Button ကိုဆက်၍ နှိပ်ပါ။
  3. သက်တမ်းတိုးလိုသော နှစ်(၁-၁၀) အား ရွေးချယ်ပါ။
  4.ငွေပေးချေနိုင်သော နည်းလမ်းများအားရွေးချယ်ပေးပါ။
  5.နောက်ဆုံးအနေဖြင့် Banking မှငွေပေးပြီးသော Bank Slip
 အား billing@gmoace.com သို့ပေးပို့ပါရန်။
  KBZPay(QuickPay) မှငွေချေထားသော slip များအား ပေးပို့ရန် မလိုအပ်ပါ။ ( Z.com ID and Invoice ID မှန်ရန်လိုအပ်ပါသည်။ )ပြီးနောက် Domain သည် သက်တမ်းတိုးသွားမည်ဖြစ်သည်။
 Domain's Whois Proxy ဘယ်လိုဖွင့် , ပိတ်လုပ်ရတာလဲ? 
Z.com သို့ Login ဝင်ပါ ။
    1.Domain Menu သို့သွားပါ ။
    2.မိမိ Domain ကိုရွေးပါ ။
    3.Contract and Contact Information သို့ဝင်ပါ ။ 
    4.Whois Proxy ကို ON/OFF ပြုလုပ်နိုင်ပါသည်။ 
 

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article