FAQs
VPS ဆိုတာ ဘယ်လို Server အမျိုးအစားလဲ?
VPS ဆိုတာ Virtual Private Server အမျိုးအစားတစ်ခုဖြစ်ပါတယ်။ VPS မှာ Windows Server နဲ့ Linux Server အမျိုးအစား(2)မျိုးအား အသုံးပြုနိုင်ပါတယ်။
VPS Server တွေကို ဘယ်လို Orderတင်ရမလဲ?
VPS server များသည် Virtual Private Serverဖြစ်တဲ့အတွက် လူကြီးမင်းတို့အသုံးပြုလို့သည် RAM/ CPU တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ၃လ, ၆လ, ၉လ, ၁၂လ စသည်ဖြင့် ဝယ်ယူအသုံးပြုနိုင်ပါတယ်။
CloudVPS မှာ Storage ဘယ်လောက်ရနိုင်မလဲ?
CloudVPS မှာပုံမှန်အားဖြင့် 50GB SSD ဖြင့်ရရှိမှာဖြစ်ပြီး ထပ်မံလိုအပ်ပါက 200GB SSD နှင့် 500GB SSD အားထပ်တိုး၍ အသုံးပြုနိုင်ပါတယ်။
Windows OS version အမျိုးအစား
Windows Server 2016, Windows Server 2019, Window Server 2022 အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်ပါတယ်
Linux OS version အမျိုးအစား
CentOS, Ubuntu, Debian, FreeBSD များအပြင် အခြားသော Linux OS အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်ပါတယ်…
တခြားapplication တွေကို VPS ပေါ်အသုံးပြုလို့ရနိုင်လား?
ဟုတ်ကဲ့ အသုံးပြုလို့ ရနိုင်ပါတယ်။ WordPress, Laravel, Node.js, Drupal, Joomla, OwnCloud, Zabbix စသော application များကို ကိုယ်တိုင်ကိုယ်ကျ Install လုပ်စရာမလိုဘဲ Serverမှာယူရုံဖြင့် အသင့်အသုံးပြုနိုင်သော VPS များစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်.…
Auto Backup Service ဆိုတာဘာလဲ?
VPS များကို အသုံးပြုရာတွင် Auto Backup Service ကိုထပ်မံ၍ ဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်…Auto Backup Service သည် မိမိဝယ်ယူအသုံးပြုထားသော OS နှင့် ထည့်သွင်းထားသော DATA များအား တစ်ပတ် တစ်ကြိမ် Backup ပြုလုပ်ပေးသော Service တစ်ခုဖြစ်ပါတယ်။
Cloud VPS သက်တမ်းကုန်ပြီးနောက် ဘယ်နှရက်အတွင်း သက်တမ်းတိုးနိုင်သလဲ?
- Sever သက်တမ်းကုန်ပြီး ၅ ရက်အတွင်း Server အား ပြန်လည်သက်တမ်းတိုးနိုင်သည်။ ၅ရက်အတွင်းသက်တမ်းတိုးပါက server ပေါ်ရှိ data များပျောက်ပျက်မည်မဟုတ်ပါ။
- ၅ ရက်အတွင်း သက်တမ်းမတိုးနိုင်ပါက server သည် automatically delete ဖြစ်သွားပြီး data များပျောက်ပျက်သွားကာ ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။
CloudVPS ကို ဘယ်လို Order တင်ရမလဲ?
ပထမဦးစွာ လူကြီးမင်းတို့ ဝယ်ယူအသုံးပြုလိုသော CloudVPS package ကို ရွေးချယ်ပြီး လူကြီးမင်းတို့၏ Z.com Account ထဲသို့ Deposit ငွေ ထည့်သွင်းထားရန်လိုအပ်ပါသည်။
- Hourly Contract: Hourly Contract ဖြင့် အသုံးပြုလိုပါက အနည်းဆုံး 3000 MMK (၃၀၀၀ ကျပ်) အား ထည့်သွင်းပေးရမည်ဖြစ်သည်။ ပြီးတော့ ဆက်လက်အသုံးပြုလိုသော ကာလပေါ်မူတည်ပြီး Deposit ပုံမှန်ထည့်သွင်းရန်လိုပါသည်။
- Monthly Contract: Monthly Contract တွင်လည်း အသုံးပြုမည့် contract ကာလ ၃လ/ ၆လ/၁၂လ စသည့် အတိုင်း Deposit ငွေထည့်သွားရန် လိုပါသည်။
Was this article helpful?
That’s Great!
Thank you for your feedback
Sorry! We couldn't be helpful
Thank you for your feedback
Feedback sent
We appreciate your effort and will try to fix the article