How to set up Email Accounts in Microsoft Outlook [Myanmar Version]

Modified on Thu, 13 Nov at 11:11 AM

How to set up Email Accounts in Microsoft Outlook [Myanmar Version]


အဆင့် (၁)  – Z.com Account ကို မိမိဖွင့်ထားသော  Username, Password နှင့်အတူ အောက်ပါ Link မှ၀င်ရောက်လိုက်ပါ။


https://hosting.z.com/mm/signin/


ပြီးလျှင် အပေါ်  Menu မှ Email Hosting ကို နှိပ်လိုက်ပါ။


Email Hosting Menu အောက်သို့ရောက်လျှင် Name tag ၏ အောက်တွင် ရှိသော မိမိ Server ၏ နာမည် link ကို နှိပ်ပါ။

ပြီးလျှင် Outlook Setting တွင် ထည့်သွင်းအသုံးပြုရန် Incoming / outgoing server အချက်အလက်အားမှတ်သားထားပေးပါ။


https:// မပါပဲ ကူးယူလိုက်ပါ


အဆင့်  (၂) – Microsoft Outlook ကိုဖွင့်ပြီး Account Settings ကိုရွေးချယ်ပါ ။ 


Account Settings ထဲသို့ရောက်လျှင် Email Menu အောက်မှ New ကိုရွေးချယ်ပေးပါ


New Box ကျလာလျှင် Manual setup or additional server types ကို ရွေးချယ်ပြီး Next ကိုနှိပ်ပေးပါ


အဆင့်  (၃) – ပြီးလျှင် Choose Service အောက်မှ POP or IMAP ကိုရွေးချယ်ပြီး Next ကိုထပ်နှိပ်ပေးပါ 


နောက်ထပ် Box တစ်ခုကျလာလျှင် သင့်ရဲ့ နာမည် သင်သုံးမယ့် Email address ကို User Information အောက်မှာဖြည့်ပေးပါ။


ပြီးလျှင် Server Information နေရာတွင် Account Type ကို IMAP ရွေးပြီး သင် copy ကူးထားသော သင့်ရဲ့ Email Server ကို https:// မပါပဲ Incoming Server , Outgoing server နေရာမှာကူးထည့်ပေးလိုက်ပါ 


Logon information နေရာတွင်လည်း သင့်ရဲ့ Email address နှင့် password ကိုထပ်မံဖြည့်‌သွင်းပေးပြီး remember password ကို  အမှန်ခြစ်ပေးပါ။


အဆင့်  (၄) – ပြီးလျှင် More settings ကိုနှိပ်ပြီး Internet Email Settings အောက်တွင်ရှိသော Outgoing server အောက်မှ My Outgoing server (SMTP) require authentication ကို အမှန်ခြစ်ပြီး Use same settings as my incoming server ကိုထပ်မံရွေးချယ်ပေးပါ။


ပြီးလျှင် Outgoing server ဘေးမှ Advanced ကိုထပ်မံရွေး ပြီး Incoming Server နေရာတွင် အောက်တွင်ဖော်ပြထားသော Ports များထဲမှ Incoming Server (IMAP) : 143 port number ကိုထည့်သွင်းပြီး  Outgoing server (SMTP) 25 or 587 ထဲမှတစ်ခုကိုထည့်သွင်းပေးပါ


မှတ်ချက်။ ။ သင်အသုံးပြုသော outlook version ပေါ်မူတည်၍ Non SSL ports နှင့် အလုပ်မလုပ်ပါက SSL ports အောက်မှ (IMAP) 993 နှင့် (SMTP) 465 များကို ပြောင်းလဲထည့်သွင်းပေးပါ။


For SSL Ports ,

[Incoming Server(IMAP): 993 ,  Incoming Server(POP) : 995 ,  Outgoing Server(SMTP): 465]


For Non SSL Ports ,

[Incoming Server(IMAP): 143 ,  Incoming Server(POP) : 110 ,  Outgoing Server(SMTP): 25 or 587]


အားလုံးပြီးပါက OK ကိုနှိပ်ပေးပြီးဖွင့်ထားသော Box များကိုပိတ်ကာ Outlook တွင် Email စတင် သုံးနိုင်ပြီပဲဖြစ်ပါတယ်။


Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article