Z.com Research

Modified on Tue, 26 Aug at 1:47 PM

FAQs

   မိမိဖြေဆိုပြီးသော Surveyအဖြေများကို ပြန်လည်ပြင်ဆင်လို့ရပါသလား?   
 စစ်တမ်းကောက်ယူမှု စတင်ပြီးသည်နှင့် အဖြေများကို ပြန်၍ မပြုပြင်နိုင်ပါ။ စစ်တမ်းမေးခွန်းများသည်လည်း မေးခွန်းတစ်ခုနှင့်တစ်ခု ဆက်စပ်နေသည် ဖြစ်သောကြောင့် မေးခွန်းများကို မဖြေဆိုခင် ကျေးဇူးပြု၍ အဖြေများကို ဦးစွာစစ်ဆေးရန် လိုအပ်ပါသည်။ 
   Z.com Research ကပို့ပေးတဲ့ စစ်တမ်းအီးမေးလ်အမြဲရနိုင်ဖို့ဘယ်လိုလုပ်ရမလဲ။ 
  • https://research.z.com/mm/ မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ကိုယ်ပိုင်စာမျက်နှာထဲမှ “စစ်တမ်းဖြေဆိုရန်အကြောင်းကြားစာရရှိခြင်း”ကိုနှိပ်ပါ။
  • စစ်တမ်းဖြေဆိုဖို့အသိပေးခြင်းနှင့်စစ်တမ်းပို့ပေးရန်တောင်းဆိုမှုကို ထိုစာမျက်နှာထဲတွင်ချိန်ညှိနိုင်သည်။
မိမိကိုယ်ပိုင်အကောင့်အချက်အလက်များကြည့်ရှုခြင်းနှင့်ပြင်ဆင်ခြင်းကို ဘယ်လိုပြင်ဆင်ရမလဲ။ 
  • https://research.z.com/mm/ link မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ကိုယ်ပိုင်စာမျက်နှာထဲမှ “သင့်အကောင့်၏အချက်အလက်များကြည့်ရှုခြင်းနှင့် ပြင်ဆင်ခြင်း”ကိုနှိပ်ပါ။
  • ကိုယ်ရေးအချက်အလက်များဖြည့်ပြီး “ပို့ပါ ” ကို နှိပ်ပါ။
  • မိမိဖြည့်ထားသော အချက်အလက်များမှန်ကန်ပါက –“ကိုယ်ပိုင်စာမျက်နှာ-သင့်အကောင့်အချက်အလက်ကို ကြည့်ပြီး ပြောင်းလဲရန် ” စာမျက်နှာသို့ရောက်ရှိသွားမည်ဖြစ်ပြီး အသစ်သောအချက်အလက်များပြင်ဆင်ခြင်းကို ပြုလုပ်နိုင်မည်။
  • အချက်အလက်များပြင်ဆင်ခြင်းပြီးဆုံးသွားပါက “အတည်ပြုခြင်း ” ကိုနှိပ်ပါ။
  လဲလှယ်လိုက်သောဆုလက်ဆောင်တွေကို မည်သည့်နေရာကနေရရှိပါမလဲ။ 
  • မိမိလဲလှယ်လိုက်သော point အရေအတွက်အလိုက်ကိုက်ညီသော ဆုလက်ဆောင်များကို လက်ဆောင်လဲလှယ်ပေးသောနေ့များတွင်အကောင့်ဖွင့်ထားသော email များထံသို့ Z.com research myanmar မှ emailပို့ပေးမည်ဖြစ်သည်။ဆုလက်ဆောင်လဲလှယ်ပေးမည့်နေ့များကိုလည်းZ.com Myanmar Facebook စာမျက်နှာမှတဆင့်စုံစမ်းနိုင်ပါသည်။
  အကောင့်စကားဝှက်မေ့သွားပါက မည်သို့လုပ်ဆောင်ရမည်နည်း။ 
  • “https://research.z.com/mm/ မှ တဆင့် “အကောင့်သို့ဝင်ခြင်း“ကို နှိပ်ပါ။
  • စကားဝှက်အသစ်ပြန်လည်ပြင်ဆင်နိုင်သော linkကိုနှိပ်ပါ။
  • လျှို့ဝှက်စကားဝှက်အတွက် မေးမြန်းစုံစမ်းခြင်း နေရာသို့ရောက်ရှိသွားပါ email နေရာတွင် မိမိအကောင့်ဖွင့်ထားသော email လိပ်စာကိုထည့်ပါ။ ပို့ပေးပါကိုနှိပ်ပါ။
  • ထို့နောက် email ထဲသို့ဝင်ရောက်လာသော linkမှ တဆင့် မိမိအသစ်ပြောင်းလဲလိုသောစကားဝှက်အသစ်ကိုပြောင်းလဲနိုင်ပါသည်။
  မိမိထံ စစ်တမ်းများရောက်ရှိခြင်းရှိမရှိ ဘယ်လိုစစ်လို့ရပါသလဲ။ 
  • https://research.z.com/mm/ link မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ပထမဆုံးစာမျက်နှာတွင်လည်း စစ်တမ်းများကိုစစ်ကာဖြေဆို နိုင်ပါသည်။
  • မိမိထံရောက်ရှိလာသော research email များထံမှ တဆင့်လည်း စစ်တမ်းများရောက်မရောက်စစ်ဆေးနိုင်ပါသည်။
  မိတ်ဆွေတွေကို မည်သည့်နည်းလမ်းများဖြင့်ဖိတ်ကြားပြီးpointတွေ ရယူနိုင်ပါသလဲ။ 
  • မိတ်ဆွေတွေကို အောက်ပါနည်းလမ်းများဖြင့်ဖိတ်ကြားနိုင်ပါသည် –
  • SMS မှတဆင့် ဖိတ်ခေါ်ခြင်း
  • Email မှတဆင့် ဖိတ်ခေါ်ခြင်း
  • သင့် Blog မှတဆင့် မိတ်ဆွေများကိုမိတ်ဆက်ပေးခြင်း
  • Z.com Research Myanmar ကိုဖိတ်ကြားထားပေးတဲ့လူက ရမှတ် ၅၀ ရမှာဖြစ်ပါသည်။ သင့်မိတ်ဆွေက ဖိတ်ကြားမှုအီးမေးလ်ထဲမှာပါတဲ့ URLလင့်ခ်ကိုနှိပ်ပြီး Z.com Research Myanmar အသင်းဝင်အဖြစ်မှတ်ပုံတင်ပါ က ဖိတ်ကြားခံရသူကတော့ ရမှတ် ၁၀၀ ရမှာဖြစ်ပါသည်။
  ဆုလက်ဆောင်လဲလှယ်ရန် အနည်းဆုံး Point မညီမျှရှိရမည်နည်း။ 
အနည်းဆုံး Point 950 ရှိရန်လိုအပ်ပါသည်။စစ်တမ်းတွေကိုဖြေဆိုပြီး မိတ်ဆွေတွေကိုစစ်တမ်းများဖြေဆိုရန်ဖိတ်ကြးပြီး point တွေကိုရယူနိုင်ပါသည်။
  Emailထဲကိုဝင်လာတဲ့ တချို့စစ်တမ်းတွေကိုဖြေဆိုလို့မရတော့တာဘာကြောင့်ပါလဲ။ 
မိမိထံကိုရောက်ရှိလာတဲ့စစ်တမ်းတွေရဲ့ပိတ်မည့်နေ့ကို emailထဲတွင်စစ်ဆေးနိုင်ပါသည်။ပိတ်မည့်နေ့ကိုကျော်သွားသောစစ်တမ်းများသည်သက်တမ်းကုန်သွားသည်ဖြစ်သောကြောင့်ဖြေဆိုလို့မရနိုင်တော့ပါ။
  ဆုလက်ဆောင်လဲလှယ်ခြင်းမှတ်တမ်း၊ လက်ဆောင်လဲယူခဲ့သည့်မှတ်တမ်းများကို မည်သည့်နေရာတွင်ကြည့်ရှုလို့ရပါသလ။ 
  • https://research.z.com/mm/ မှ တဆင့် မိမိကိုယ်ပိုင်အကောင့်ထဲကိုဝင်ပါ။
  • ကိုယ်ပိုင်စာမျက်နှာကို နှိပ်ပါ။
  • ဆုလက်ဆောင်လဲလှယ်ခြင်းမှတ်တမ်း ၊ လက်ဆောင်လဲယူခဲ့သည့်မှတ်တမ်းများကို တွင်စစ်ဆးနိုင်ပါသည်။
  • နောက်ဆုံး၁၀ကြိမ်ဆု လဲလှယ်ခဲ့သည်ရလဒ်တွေ ကိုကြည့်ရှုနိုင်ပါသည်။

Was this article helpful?

That’s Great!

Thank you for your feedback

Sorry! We couldn't be helpful

Thank you for your feedback

Let us know how can we improve this article!

Select at least one of the reasons
CAPTCHA verification is required.

Feedback sent

We appreciate your effort and will try to fix the article